Myet Shin

Movie

အီတလီအခြေစိုက် တက်တူစပေါ့ အားကစားမီဒီယာမှ စီစဉ်ပြုလုပ်သည့် အကောင်းဆုံး ဥရောပလူငယ်ကစားသမားဆု (Golden boy) ဆန်ကာတင်စာရင်းအား ထုတ်ပြန်ကြေညာခဲ့ရာတွင် အင်္ဂလန်ကစားသမား တစ်ဦးသာ ပါဝင်ခဲ့သည်။ Golden boy ဆုမှာ အသက်(၂၁)နှစ်နှင့် (၂၁)နှစ်အောက် ကစားသမားများကို ပေးအပ်ခြင်းဖြစ်ကာ (၂၀၀၃)ခုနှစ်မှ စတင်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါဆုရရှိသည့် ကစားသမားများမှာ ကမ္ဘာ့ဘောလုံးလောကတွင် နာမည်ကျော်ကြားလာလေ့ရှိပြီး ရွန်နီ(၂၀၀၄)၊ မက်ဆီ(၂၀၀၅)၊ ဖာဘရီဂတ်စ်(၂၀၀၆)၊ အဂူရို(၂၀၀၇)၊ ဘာလော့တယ်လီ(၂၀၁၀)၊ဂေါ့ဇီ(၂၀၁၁)၊ အစ္စကို(၂၀၁၂)တို့ရရှိခဲ့ဖူးသည်။ ယခုထုတ်ပြန်ခဲ့သည့် ပဏာမစာရင်းတွင်ကစားသမား(၄၀)ပါဝင်လာသော် လည်း အင်္ဂလန်ကိုယ်စားပြုအဖြစ် အာဆင်နယ်တောင်ပံကစားသမား ချိန်ဘာလိန်တစ်ဦးသာ ပါဝင်လာခဲ့သည်။ ဥရောပဘောလုံးလောကအတွင်း နာမည်ကျော်ကြားနေသည့် ပေါ့ဘာ၊ ဒရက်စလာ၊ ဂျာနူဇက်၊ လူကာကူ၊ ဗရာနီစသည့် ကစားသမားများလည်း အဆိုပါစာရင်းတွင် ပါဝင်လာခဲ့ပြီး ဆုပေးပွဲအား ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

တရုတ်အင်တာနက်သတင်းဝဘ်ဆိုက်တခုမှာ ဖော်ပြထားတဲ့ အမေရိကန်ထောက်လှမ်းရေးဌာန ကန်ထရိုက်ဝန်ထမ်းဟောင်း                           Edward Snowden   Electronic ဆက်သွယ်ရေးလမ်းကြောင်းတွေမှာ ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်ကို အာမခံချက်ပေးတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်မူကြမ်းတခု ရေးဆွဲနိုင်ဖို့ သူတို့ ကြိုးပမ်းနေတယ်လို့ ဂျာမဏီနိုင်ငံနဲ့ ဘရာဇီးနိုင်ငံတို့က ပြောလိုက်ပါတယ်။ ဂျာမန်နဲ့ဘရာဇီး သံတမန်တွေဟာ ဥရောပနဲ့ တောင်အမေရိကနိုင်ငံတွေက သံတမန်တွေနဲ့ တွေ့ဆုံပြီး ဒီအရေးကိစ္စကို ဆွေးနွေးခဲ့ကြတယ်လို့ ဆုံးဖြတ်ချက်မူကြမ်းရေးဆွဲရေးမှာပါဝင်နေတဲ့ ကုလသမဂ္ဂ သံတမန်တွေက ပြောပါတယ်။ ဒီဆုံးဖြတ်ချက်အရ အင်တာနက်ပေါ်က လုပ်ဆောင်ချက်တွေအပေါ် နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေကို အချက်အလက်တွေ ထပ်ဖြည့်မှာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ မဖြစ်မနေလိုက်နာရမှာ မဟုတ်ပေမယ့် အမေရိကန်က လျှို့ဝှက်ထောက်လှမ်းနေမှုတွေကို သဘောမကျဘူးဆိုတာ ပြသကြတဲ့ သဘောလို့ ယူဆရပါတယ်။ နိုင်ငံခြားခေါင်းဆောင်တွေမပေါ် အမေရိကန်က စောင့်ကြည့်ထောက်လှမ်းတယ်ဆိုပြီး ဆက်တိုက် ထွက်လာတဲ့ သတင်းတွေကြောင့် […]

အောက်တိုဘာလ ၂၈ရက်နေ့ မှာတော့ နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ Lady GaGa, Justin Bieber, One Direction, Eminem နှင့် Rihanna တို့ ဆီမှသီချင်းသစ်တွေကြားရတော့မှာပါ။ Lady GaGa ရဲ့ပရိုမိုးရှင်းသီချင်း Venus ကတော့ အောက်တိုဘာလ ၂၇ရက်နေ့ မှာ Youtube Link ပေါ်မှတရားဝင်ထုတ်လွှင့်မှာဖြစ်ပြီး iTunes မှတော့ အောက်တိုဘာလ ၂၈ရက်နေ့ မှာထုတ်လွှင့်ရောင်းချမှာဖြစ်ပါတယ်။ Justin Bieber မှာလည်းသူ့ ရဲ့ Believe ဇာတ်ကား Documentary ပရိုမိုးရှင်းအစီအစဉ် ၄ပုဒ်မြှောက်သီချင်းကို iTunes မှတင်လွှင့်ရောင်းချမှာပါ။ အောက်တိုလာလ ၂၈ရက်နေ့ ပါဘဲ။ One Direction အဖွဲ့ ကတော့ တေးစီးရီးသစ် Midnight Memories မှဒုတိယ Single သီချင်းသစ် […]

မော်တော်ယာဉ်ဖြင့် မတော်တဆ တိုက်မိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသွားသည့် လူနာကို နီးစပ်ရာ ဆေးရုံသို့ တာဝန်သိစွာ ပို့ဆောင်ပေးခဲ့သူ ယာဉ်မောင်းမှာ တရားရုံးတွင် ကျေအေးခွင့် ရရှိနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက ဆိုသည်။ ယင်းကဲ့သို့ တာဝန်သိတတ်မှုရှိသည့် ယာဉ်မောင်းများမှာ တရားရုံး၌ တရားရင်ဆိုင် နေစဉ်တွင် တစ်ဖက်လူ၏ သဘောတူညီချက်နှင့်အတူ ကျေအေးခွင့် ရရှိနိုင်မည် ဖြစ်သော်လည်း လူသားချင်း စာနာမှု မရှိသည့် ယာဉ်မောင်းများကို ထိရောက်စွာ ဥပဒေအရ အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း၌ နေ့စဉ်ဖြစ်ပွားနေသော ယာဉ်နှင့်စပ်ဆက် မတော်တဆ ယာဉ်တိုက်မှု ဖြစ်စဉ်များအနက် ယာဉ်မောင်း ၁၀ ရာခိုင်နှုန်းကျော်မှာ တိုက်ပြီးထွက်ပြေးခဲ့ကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးထံမှ သိရသည်။ “အဲလိုမျိုး […]

အမေရိကန်ပြည်ထောင်ရှိ ဟားဗတ်တက္ကသိုလ်သို့ တစ်ပတ်ကြာ လေ့လာခွင့်နှင့် ဆုကြေးငွေ ဒေါ်လာ ၂၅,၀၀၀ ခန့် ချီးမြှင့်မည့် International Business Model Competition ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ခွင့်ရှိသော Mekong Business Challenge 2014 အတွက် လျှောက်လွှာများ ခေါ်ယူနေပြီ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်များ အသင်းထံမှ သိရသည်။ မဲခေါင်မြစ်ဝှမ်း ဒေသတွင်းရှိ နိုင်ငံများမှ တက္ကသိုလ် ကျောင်းတက်နေသော ကျောင်းသား၊ ကျောင်းသူများအတွက် ပြိုင်ပွဲ လျှောက်လွှာများကို အွန်လိုင်းနှင့် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များ အသင်းချုပ်တွင် ထုတ်ယူနိုင်ကာ လျှောက်လွှာများ တင်နိုင်ပြီ ဖြစ်ကြောင်း၊ ယင်းပြိုင်ပွဲကို ၂၀၁၄ ခုနှစ်မတ်လတွင် လာအိုနိုင်ငံ၌ ကျင်းပမည် ဖြစ်ပြီး ဝင်ရောက် ယှဉ်ပြိုင်သူများအတွက် လျှောက်လွာ […]

ဂျမေကာ နိုင်ငံသား ကမ္ဘာ့ အမြန်ဆုံးလူသား Usain Bolt နှင့် Nissan မော်တော်ယာဉ် ကုမ္ပဏီတို့ မကြာမီက ပူးပေါင်းပြုလုပ်ခဲ့သည့် Bolt လူမှုကူညီရေးအဖွဲ့ ရန်ပုံငွေရှာဖွေရေး အစီအစဉ်တွင် လေလံတင် ရောင်းချခဲ့သည့် ရွှေရောင် Nissan GT-R သည် ဒေါ်လာ ၁၈၇၇၀၀ ရရှိခဲ့သည်။ Nissan ၏ သံတမန်လည်းဖြစ်သူ Usain Bolt အား Nissan မှ အလားတူ Special Edition Gold GT-R တစ်စင်း ပေးအပ်ခဲ့သည်။

သိမ်ဖြူကွင်း ရာသီအကြိုတင်းနစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ သရုပ်ဆောင်ပြေတီဦးက အောက်တိုဘာ ၂၅ ရက်နေ့က ပထမဆုရရှိခဲ့ပါတယ်။ ဓာတ်ပုံ – eaindra kyaw zin Popular Journal

Categories: သတင်း

မြန်မာနိင်ငံတွင်မကြာမှီ အသုံးပြုနိင်တော့မည့် Visaကတ်တွင် ငွေစာရင်းကို ကန်ဒေါ်လာသာမက စင်ကာပူဒေါ်လာနှင့်ယူရိုငွေကိုပါလက်ခံနိုင် ရန် ပြုလုပ်ထားကြောင်း CB ဘဏ်မှသိရသည်။ ယခုနှစ်မကုန်မီအသုံးပြုနိင်တော့မည့်Visaကတ်ကို နိင်ငံတကာသို့သွားရောက်နေကြသည့် မြန်မာနိင်ငံသားများအတွက် ရည်ရွယ်ကြောင်းလက်ရှိတွင် ယင်းကတ်စနစ်အတွက် လိုအပ်သော နည်းပညာပိုင်းကိုပြင်ဆင်နေဆဲဟု CB ဘဏ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ဗဟိုဘဏ်ကခွင့်ပြုချက်ရထားပြီးပါပြီဟုအထက်ပါတာဝန်ရှိသူကပြောသည်။ CB ဘဏ်အနေဖြင့် Visa နှင့်ပြောဆိုဆွေးနွေးထားသည်မှာကြာပြီဖြစ်ကြောင်း၊ ပြည်တွင်းအသုံးပြုသူများအတွက် MPU ကတ် စနစ်ကို တွင်ကျယ်စေလိုကြောင်းသိရသည်။ Popular Myanmar News Journal

လာမည့်လတွင် ရှေ့လတွင်း ဂျနီဗာမှ ကျောက်မျက် လေလံပွဲတွင် ပေါင်သန်း၄၀နှင့်ဈေးစတင်ဖွင့်မည့် ပန်းနုရောင်ကြယ် ပွင့် အမည်ရှိ စိန်ပွင့်သည် ကမ္ဘာ့ တန်ဖိုး အကြီးဆုံး ကျောက်မျက် ဖြစ်လာခဲ့သည်။ ပန်းနုရောင်ကြယ်ပွင့် မထွက်ပေါ်လာမီ ၂၀၁၀ခုနှစ်က ကမ္ဘာ့တန်ဖိုး အကြီး အဆုံး Graff Pink စိန်ပွင့်မှာ ပေါင်၂၉သန်းသာ ရှိခဲသည်။ ယခု ၅၆ ဒဿမ ၆၀ ကာရက် ရှိစိန်ပွင့် အရွယ်လည်းကြီး၊ အရောင်းလည်း တောက်ပကာ အနာအဆာ ကင်းစင်ပြီး တန်ဖိုးအများဆုံး ကျောက်မျက်ဖြစ်သည်။ ပန်းနုရောင်ကြယ်ပွင့်ကို ၁၉၉၉ခုနှစ်က တောင်အာဖရီကမှ နာမည်ကျော် စိန်တူဖော်ရေးလုပ်ငန်း De Beers မှ ရှာဖွေတွေ့ရှိခဲ့သည်။ စိန်ပွင့်ကို အချောသတ် ဖြတ်တောက် ပုံဖော်သည့်ကာလ နှစ်နှစ်ကျော်ကျော် ကြာခဲ့သည်။ Ref: […]